ငယ်မူပြန်ဆော့ကစားဖို့အတွက် ပေါ့ပေါ့ပါးပါး PC ဂိမ်းများ

Video ဂိမ်းလောကရဲ့ နည်းပညာအဆင့်အတန်းမြင့်မားလာတာနဲ့ အမျှ ဂိမ်းစက်အသစ်တွေ နဲ့ ဂိမ်းအသစ်တွေ အမြောက်အများ ထွက်ပေါ်လျက်ရှိပါတယ်။ အပြင်းပြေအနေနဲ ပေါ့ပေါ့ ပါးပါး ဆော့ကစားရတဲ့ ဂိမ်းတွေ ၊ စိတ်ရောကိုယ်ပါနှစ်ပြီး အားရပါးရဆော့ကစား ဂိမ်းတွေ စသဖြင့် ဂိမ်းအမျိုးအစားပေါင်းစုံ ၊ ပုံစံ များစုံ အချိန်နဲ့ အမျှထွက်ရှိနေပြီး Gamer တွေရဲ့ နှလုံးသားကို ဖန်းစားလျက်ရှိပါတယ်။ နောက်ဆုံးပေါ် ဂိမ်းစက်အသစ်တွေကိုလည်း မဝယ်ချင် ၊ ဖုန်းတွေ Tablet တွေ နဲ့ ကစားရတာလည်းအားမရ ၊ အားလပ်ချိန်တွေမှာ အိမ်က ကွန်ပျူတာပေါ်နဲ့ အပြင်းပြေ ပေါ့ပေါ့ပါးပါး ဆော့ကစား ချင်သူတွေအတွက် Gamer တွေရဲ့ ငယ်ဘဝ တွေကို အတော်အတန် လွှမ်းမိုးခဲ့ဖူးတဲ့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ Windows PC ဂိမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Vampires Vs Zombies

fcd5p

Zombies ဂိမ်းတွေကိုမှ နှစ်သက်ရင်ခုန်သူတွေအတွက် အားရပါးရဆော့ကစားနိုင်မယ့် ပျော်ရွှင်စရာ Zombies ဂိမ်းကလေးတစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Vampires Vs Zombies ဆိုတဲ့အတိုင်း သွေးစုတ်ဖုတ်ကောင် တွေနဲ့ Zombies တွေတိုက်ခိုက်ရတဲ့ပုံစံလေးဖြစ်လို့ သင့်ကိုစိတ်လှုပ်ရှားမှုတွေပေးစွမ်းနိုင်မှာပါ။ Strategy ဂိမ်းအမျိုး အစားဖြစ်လို့ အချိန်ပေးဆော့ကစားမှာဖြစ်ပြီး မနားတမ်းဆော့ကစားချင်လောက်အောင် ဆွဲဆောင် အားကောင်း တဲ့အတွက် ဒီဂိမ်းကို စပြီးကစားတော့မယ်ဆိုရင် သင့်အနေနဲ့ ရေဘူးနဲ့ မုန့်ထုပ်တွေဘေးမှာချပြီး ဆော့ကစား တာပိုအဆင်ပြေပါလိမ့်မယ်။ စိတ်ဝင်စားနေပြီထင်ပါရဲ့။  အောက်က Link  မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download Vampires & Zombies Here

Bus Driver

busdriver_wallp2

ကားမောင်းရတဲ့ ဂိမ်းတွေကိုကြိုက်နှစ်သက်သူတစ်ယောက် အတွက်တော့ အားလပ်ချိန်တွေမှာအပျင်းပြေ ၊ စိတ်ပြေလက်ပျောက်ဆော့ကစားဖို့ Bus Driver ကသင့် တော်ပါတယ်။ Bus ကားမောင်းရတဲ့ဂိမ်းအမျိုးအစား ဖြစ်ပြီး ဒီဂိမ်းထဲမှာသင်ဟာ Driver တစ်ယောက် အနေနဲ့ဆော့ကစားရမှာပါ။ ချမှတ်ထားတဲ့ယာဉ်စီးကမ်း၊ လမ်းစည်းကမ်း၊ တွေနဲ့အညီ မောင်းနှင်ရမှာ ဖြစ်သလို ခရီးသည်တွေဆင်းမယ့်နေရာတွေ မှာလည်းတိတိကျကျ ရပ်ပေးဖို့လိုအပ်ပါတယ်။ ပိုက်ဆံရ ဖို့ရှာ Driver အလုပ် နဲ့ရှာဖွေရတဲ့ပုံစံလေးဖြစ်လို့ သင့်အနေနဲ့ တကယ့် Driver တစ်ယောက်ဖြစ်သွား သလိုခံစားရမှာပါ။ စိတ်ဝင်စားနေပြီဆိုရင်တော့ အခုချက်ချင်းပဲ အောက်က Link  မှာ Free Download ရယူလိုက်ပါ။

Download Bus Driver Here

Road Rash

 

ဒီနာမည်ကို အားလုံးကြားဖူးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ အရင်က PS 1 မှာကစားခဲ့ဖူးတဲ့ ဆိုင်ကယ်ပြိုင်တဲ့ ဂိမ်းလေးပါ။ ဆိုင်ကယ်ပြိုင်မောင်းနေရင်းနဲ့ ပြိုင်ဘက်ဆိုင်ကယ်တွေနဲ့ ဘေးချင်းယှဉ်မိတဲ့အခါ ပြိုင်ဘက် ဆိုင်ကယ်ကိုမှောက်သွားစေဖို့အတွက် ခြေထောက်နဲ့ဆောင့်ကန်တာမျိုး ၊ ချိန်းကြိုးနဲ့ရိုက်တာမျိုး တွေ ပြုလုပ်နိုင်ပါတယ်။ ရဲဖမ်းမခံရအောင်လည်း ဂရုစိုက်ရမှာဖြစ်ပြီး ဆိုင်ကယ်အသစ်တွေ unlock ပြုလုပ်နိုင်ဖို့အတွက်လည်း ပထမနဲ့ ပန်းဝင်မှဖြစ်မှာပါ။ ဒီလောက်ဆိုမှတ်မိလောက်ပြီထင်ပါရဲ့။ ငယ်ငယ်က ဂိမ်းဆိုင်တွေမှာ လမ်းသရဲ ဆိုင်ကယ်လို့ ခေါ်ခဲ့ကြတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ အခုဒီဂိမ်းကို PC ပေါ်မှာကစားပြီး ငယ်မူပြန်နိုင်ပါပြီ။   အောက်က Link  မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download Road Rash Here

Tekken 3

takken3raishahnawaz-com-1

PS 1 မှာ ဆော့ကစားခဲ့ဖူးတဲ့ Tekken 3 ဆိုတဲ့ ဂိမ်းလေးကို မှတ်မိဦးမယ်ထင်ပါတယ်။ တစ်ယောက်ချင်း တိုက်ခိုက်ရတာ ဖြစ်ပြီး Best out of three ယှဉ်ပြိုင်ရမယ့် အကောင်းဆုံးသော Fighting ဂိမ်းတစ်မျိုးပါပဲ။ Character တွေရဲ့ နောက်ခံဇာတ်လမ်းကိုကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ပုံတွေ မတူညီသလို Combo တွေလည်းကွဲပြားခြားနားပါတယ်။ Bruce Lee တို့ ပါနာနာဝေ တို့ ပါဝင်တဲ့ ဒီဂိမ်းကို သင်လည်းပြန်လည်မှတ်မိလောက်ပြီထင်ပါတယ်။ ကစားရတာလွယ်ကူရိုးရှင်းပြီး ပြိုင်ဘက်ကို အနိုင်ယူရ မယ့်ဒီ ဂိမ်းကို PC ပေါ်မှာပြန်လည်ခံစားချင်ရင်တော့ အောက်က Link  မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download Tekken 3 Here

Mario Forever 5.0

66

ငယ်ငယ်က မှိုစားတဲ့ဂိမ်းဆိုပြီး ရူးရူးမူးမူးဆော့ကစားခဲ့ဖူးတဲ့ Mario ဂိမ်းတွေကို မှတ်မိကြဦးမှာပါ။ Mario ရဲ့အောင်မြင်မှုဟာ ကြီးမားခဲ့တဲ့အတွက်အခုခေတ် လူငယ်အတော်များများရဲ့ ငယ်ဘဝတွေမှာ Mario ဂိမ်းတွေရဲ့လွှမ်းမိုးမှုတွေ အတော်အတန်ပါဝင်ခဲ့တယ်ဆို တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အပျင်းပြေ ဆော့ကစားဖို့အတွက်အသင့်တော်ဆုံးဖြစ်တဲ့ ဒီဂိမ်းကို လူကြီး၊ လူငယ် မရွေး နှစ်သက်အားပေးခဲ့ကြပြီး Mario အနေနဲ့ လည်း ပုံစံမျိုးစုံ၊ Version မျိုးစုံထုတ်လုပ်ခဲ့ပါတယ်။ အရင်က ထက်ပိုမိုကောင်းမွန်တဲ့ရုပ်ထွက် အရည်အသွေးနဲ့ ဖန်တီးထားတဲ့ Mario Forver ကို PC ပေါ်မှာ ဆော့ ကစားနိုင်ဖို့အတွက် Full Version ကို အောက်က Link  မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download Mario Forever Here

Comments

comments

Top