ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို Note 7 ဖုန်းနဲ့ နှိုင်းယှဉ်ပြီး မိန့်ခွန်းထဲမှာ အိုဘားမား ထည့်သွင်းပြောကြားခဲ့

Samsung ရဲ့ပြသနာကတော့ ကမ္ဘာသိဆိုတာကို ဘာရက်အိုဘားမားက ထင်ရှားစေခဲ့ပါပြီ။ မီးလောင်မှုတွေ ဖြစ်ပေါ်နေတဲ့ ဖုန်းအပေါ် သမ္မတအနေနဲ့ မိန့်ခွန်းပြောကြားရမှာ အရွှန်းဖောက်တဲ့ ‘ဖောက်လုံး’ အနေနဲ့ ထည့်သွင်းပြီး ပြောကြားခဲ့တာပါ။

အိုဘားမားဟာ ဖလော်ရီဒါပြည်နယ်မှာရှိနေတဲ့၊ Miami Dade ကောလိပ်ကိုရောက်နေစဉ်မှာ ပြောကြားခဲ့တဲ့ စရိတ်မျှပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို စမတ်ဖုန်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့တာပါ။

“ကုမ္ပဏီတွေကနေလည်း စမတ်ဖုန်းသစ်တွေအမျိုးမျိုး ထုတ်လုပ်ကြပါတယ်၊ စမတ်ဖုန်းသစ်တွေမှာလည်း အမှားအယွင်းတွေ၊ လွဲချော်မှုတွေ၊ အားနည်းချက်တွေ ပါလာတတ်တာပါပဲ၊ အဲ့တော့ သူတို့ဘာလုပ်ပါလဲ? သူတို့ ပြန်ပြင်ကြပါတယ်။ ပိုကောင်းအောင်လုပ်ကြပါတယ်။ မီးတွေထလောင်လို့ ဈေးကွက်ထဲကနေ ပြန်သိမ်းလိုက်တာက လွဲလို့ပေါ့ဗျာ..။”

ဒါပေမယ့် ခင်ဗျားတို့ အရင်တုန်းကသုံးခဲ့တဲ့ လှည့်ပြီးခေါ်ရတဲ့ ဖုန်းတွေသုံးကြသေးလို့လား၊ ခင်ဗျားတို့က ‘ဟာစမတ်ဖုန်းသစ်တွေ ပြန်သိမ်းနေပြီပဲ၊ ငါတို့လှည့်တဲ့ဖုန်းအဟောင်းတွေပဲ ပြန်သုံးရအောင်’ ဆိုတာ ရှိလို့လားဗျ..၊

ဆိုပြီး Samsung Galaxy Note 7 ဖုန်းကို နာမည်မတပ်ပေမယ့် ညွှန်းဆိုပြီးတော့ ဥပမာပေးခဲ့တာ ဖြစ်ပါတယ်။

obama-and-his-blackberry3

Ref: Engadget

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top